النَّصْر( An-Naṣr · စူရဟ် အန်-နဆ်ရ် (အလ္လာဟ်၏ အကူအညီနှင့် အောင်ပွဲ) )
An-Naṣr· စူရဟ် အန်-နဆ်ရ် (အလ္လာဟ်၏ အကူအညီနှင့် အောင်ပွဲ)
ဤစူရဟ်သည် အလ္လာဟ်အရှင်မြတ်၏ အကူအညီတော်နှင့် အောင်ပွဲ ရောက်ရှိလာပြီး လူအများသည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်အတွင်းသို့ အုပ်စုလိုက်အပြုံလိုက် ဝင်ရောက်လာကြမည့်အကြောင်း ဖော်ပြထားပါသည်။ ထိုအောင်မြင်မှုကို မိမိတို့၏ အစွမ်းအစကြောင့်ဟု မယူဆဘဲ အရှင်မြတ်အား စင်ကြယ်မွန်မြတ်ကြောင်း ချီးမွမ်းကာ ကျေးဇူးတင်ခြင်း၊ ထို့ပြင် အပြစ်လွှတ်တော်မူရန် တောင်းပန်ခြင်းဖြင့် တုံ့ပြန်ရန် တမန်တော်မြတ်အား ညွှန်ကြားထားပါသည်။ ထို့ကြောင့် ဤစူရဟ်သည် အောင်ပွဲရရှိချိန်တွင် မာနမတက်ဘဲ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းနှင့် အိစ်သိဂ်ဖားရ်ပြုခြင်းဖြင့် နှိမ့်ချကျေးဇူးတင်ရမည့် သင်ခန်းစာကို အလေးပေးဖော်ပြထားပါသည်။
ဗစ်မီလ္လာဟ်
بِسْمِ ٱللَّهِ ٱلرَّحْمَـٰنِ ٱلرَّحِيمِ
ဗိစ်မိလ္လာဟိရ် ရဟ်မာနိရ် ရဟီးမ်
In the name of Allah, the Most Compassionate, the Most Merciful.
အနန္တကရုဏာတော်ရှင်၊ အလွန်သနားညှာတာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (စတင်ပါ၏)။
အာယသ်များ
အာယသ် 1 إِذَا جَآءَ نَصْرُ ٱللَّهِ وَٱلْفَتْحُ
အိဇာ ဂျာအာ နဆ်ရုလ္လာဟိ ဝလ်ဖတ်ဟ်
When Allah’s ˹ultimate˺ help comes and the victory ˹over Mecca is achieved˺,
အလ္လာဟ်အရှင်မြတ်၏ အကူအညီတော်နှင့် အောင်ပွဲ ရောက်ရှိလာသောအခါ၊
အာယသ် 2 وَرَأَيْتَ ٱلنَّاسَ يَدْخُلُونَ فِى دِينِ ٱللَّهِ أَفْوَاجًا
ဝရအိုင်တန်နာစ် ယဒ်ခူလူန ဖီး ဒီနိလ္လာဟိ အဖ်ဝါဂျာ
and you ˹O Prophet˺ see the people embracing Allah’s Way in crowds,
ထို့ပြင် လူအများသည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်အတွင်းသို့ အုပ်စုလိုက်အပြုံလိုက် ဝင်ရောက်လာကြသည်ကို အသင် တွေ့မြင်ရသောအခါ၊
အာယသ် 3 فَسَبِّحْ بِحَمْدِ رَبِّكَ وَٱسْتَغْفِرْهُ ۚ إِنَّهُۥ كَانَ تَوَّابًۢا
ဖစဗ်ဗိဟ် ဗိဟမ်ဒိ ရဗ်ဗိက ဝတ်စ်တဂ်ဖိရ်ဟု၊ အိန္နဟု ကာန တဝ်ဝါဗာ
then glorify the praises of your Lord and seek His forgiveness, for certainly He is ever Accepting of Repentance.
ထို့နောက် အသင်၏ ဖန်ဆင်းမွေးမြူတော်မူသော အရှင်၏ ဂုဏ်တော်ကို ချီးမွမ်းရင်း ထိုအရှင်သည် စင်ကြယ်မွန်မြတ်တော်မူကြောင်း ကြွေးကြော်ပါလော့။ ထို့ပြင် ထိုအရှင်၏ ထံတော်၌ အပြစ်လွှတ်တော်မူရန် တောင်းပန်ပါလော့။ ဧကန်စင်စစ် ထိုအရှင်သည် နောင်တဖြင့် ပြန်လည်တောင်းပန်သူတို့၏ နောင်တကို အစဉ်လက်ခံတော်မူသော အရှင် ဖြစ်တော်မူ၏။